Tuesday, October 2, 2012

နေ့စဉ်မြန်မာ့အရေး ဆက်စပ်သတင်းများ (အောက်တိုဘာလ ၁ရက်နေ့၊ ၂၀၁၂ခုနှစ်)


(၁) ပြည်သူလိုလားရင် ဒေါ်စုသမ္မတ ဖြစ်နိုင်လို့ ဦးသိန်းစိန်ပြော : Source : BBC

29-Sep-12
မြန်မာ သမ္မတ ဦးသိန်းစိန်ကို ဘီဘီစီ အင်္ဂလိပ်ပိုင်းက တွေ့ဆုံ မေးမြန်း ခဲ့ပါတယ်။
အဲဒီ တွေ့ဆုံ မေးမြန်းခန်းမှာ သမ္မတ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ ပြည်သူလူထုက အနာဂတ် မြန်မာ နိုင်ငံရဲ့ သမ္မတ အဖြစ် မြင်ချင် ကြတယ် ဆိုရင် သူ့အနေနဲ့ လက်မခံ နိုင်စရာ မရှိဘူးလို့ ဘီဘီစီ အင်္ဂလိပ်ပိုင်း ကိုပြောပါတယ်။

ဆက်ဖက်ရန်---


(၂) အိုအိုင်စီကို သတိနဲ့ ဆောင်ရွက်ဖို့ ဘန်ကီမွန်းပြော : Source : BBC
30-Sep-12
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အစ္စလာမ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ အိုအိုင်စီကို မြန်မာ နိုင်ငံက ရိုဟင်ဂျာ မွတ်စလင် တွေကိစ္စနဲ့ပတ်သက်ပြီး အထူး သတိထား ဆောင်ရွက်ဖို့ လိုတယ်လို့ စနေနေ့က ပြောလိုက်ပါတယ်။

ဆက်ဖက်ရန်---


(၃) စစ်အစိုးရရဲ့ လူ့အခွင့်အရေး မှတ်တမ်းနဲ့ လက်ရှိ အစိုးရ မဆိုင် : Source : BBC
30-Sep-12
သမ္မတ ဦးသိန်းစိန်အမေရိကန် ပြည်ထောင်စုကို ရောက်ရှိစဉ်မှာ ဘီဘီစီ ဌာနမှူး ဒေါ်တင်ထားဆွေနဲ့ သီးခြား တွေ့ဆုံ မေးမြန်းခွင့်ရခဲ့ပါတယ်။

ဆက်ဖက်ရန်---

 

(၄) အခြေခံဥပဒေ ပြင်ဆင်နိုင်မှ ခေါင်းဆောင်ပြောင်းနိုင် : Source : BBC
1-Oct-12
သမ္မတဦးသိန်းစိန်က ပြည်သူက လိုလားလို့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာရင် သူ့အနေနဲ့ လက်ခံနိုင်ကြောင်း ဘီဘီစီ အင်္ဂလိပ်ပိုင်းက တွေ့ဆုံမေးမြန်းရာမှာ ဖြေကြား ခဲ့ပါတယ်။ တဖက်မှာလည်း နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ပြင်ဆင်မှ သာ၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာ နိုင်မှာပါ။

ဆက်ဖက်ရန်---


(၅) ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေနဲ့ အိမ်တွေ မီးရှို့ခံရ  : Source : BBC
30-Sep-12
မြန်မာ ဘင်္ဂလားဒေ့ရှ် နယ်စပ် အနီး ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် အခြမ်းမှာရှိတဲ့ ကော့စ်ဘဇားခရိုင်က ရာမူး ခေါ် ပန်းဝါမြို့ မှာ ဘုန်းကြီးကျောင်းတွေနဲ့ လူနေအိမ် တချို့ စနေနေ့က မီးရှို့ခံရပြီး တဲ့နောက်မှာတနင်္ဂနွေနေ့ မနက်က စပြီး အရေးပေါ် ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပါတယ်။

ဆက်ဖက်ရန်---

 

(၆) လက်ပံတောင်းတောင် သဘာဝ ပျက်စီးမှု ကြေးနီစီမံကိန်းကြောင့် မဟုတ်လို့ ဆို : Source : BBC

29-Sep-12

မုံရွာ တဘက်ကမ်း လက်ပံတောင်းတောင် တဝိုက်မှာ လတ်တလော ဖြစ်ပေါ်နေတဲ့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုတွေဟာ အဲဒီဒေသမှာ လုပ်နေတဲ့ မြန်မာ ဝမ်ပေါင်နဲ့ ဦးပိုင် လိမိတက်တို့ရဲ့ ကြေးနီ စီမံကိန်းကြောင့် မဟုတ်ဘူးဆိုပြီး ကုမ္ပဏီ တာဝန်ရှိသူတွေက စနေနေ့မနက်က ရန်ကုန်မြို့ Grand မီးရထား ဟိုတယ်မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး

ဆက်ဖက်ရန်---

 

(၇) ဖားကန့်ဒေသ အခြေအနေငြိမ်သက် : Source : RFA

2012-09-30
ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကနေ စတင်ပြီး တိုက်ပွဲတွေနည်းသွားပြီး အခြေအနေ ငြိမ်သက်နေတာကြောင့် ဒုက္ခသည် စခန်းက စစ်ဘေးရှောင်နေတဲ့ လူတချို့ ရပ်ရွာနေအိမ် ပြန်သွားကြတယ်လို့ သိရပါတယ်။

ဆက်ဖက်ရန်---

 

(၈) ၈၈ မျိုးဆက် မြန်မာပြည်အလယ်ပိုင်း ပွင့်လင်းလူ့အဖွဲ့အစည်းခရီးစဉ်စတင် : Source : RFA

2012-09-30
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဦးမင်းကိုနိုင်၊ ဦးမြအေး ၊ ဦးကိုကိုကြီး(စမ်းချောင်း)၊ ဦးဂျင်မီ၊ ဦးထွန်းမြင့်အောင်၊ မမီးမီး၊ မနီလာသိန်း၊ မစန်းစန်းအောင်၊ မနုနုအောင် အပါအဝင် စုစုပေါင်း (၁၅) ဦး ပါဝင်တဲ့အဖွဲ့ဟာ
(၉) လက်ပံတောင်းတောင်နှင့်ချင်းတွင်းအလှ သဘာဝကာကွယ်ထိန်းသိမ်းရေး နှီးနှောဖလှယ်ပွဲ ကျင်းပ : Source : RFA
2012-09-30
ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က လက်ပံတောင်းတောင်နဲ့ ချင်းတွင်းအလှ သဘာဝ ကာကွယ် ထိန်းသိမ်းရေး နှီးနှောဖလှယ်ပွဲကို ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပခဲ့ပြီး လက်ပံတောင်းတောင် ကြေးနီတူးဖော်ရေး စီမံကိန်း လုံးဝရပ်ဆိုင်းဖို့ သမ္မတ ဦးသိန်းစိန်ကို စုပေါင်းလက်မှတ်ထိုး တင်ပြတောင်းဆိုမယ့် လှုပ်ရှားမှုတစ်ခုကိုလည်း အဲဒီအခမ်းအနားမှာ တပြိုင်နက်တည်း ကျင်းပခဲ့ပါတယ်။

ဆက်ဖက်ရန်---

 


(၁၀) ပြည်ပရောက်မြန်မာများ နိုင်ငံထူထောင်ရေး ပါဝင်ဖို့ ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း : Source : RFA
2012-09-30
အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့မနက်ပိုင်းက ကယ်လီဖိုနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့နဲ့ အနီးတစ်ဝိုက်က မြန်မာမိသားစုတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဆက်ဖက်ရန်---

 


(၁၁) အမျိုးသမီးများ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် စစ်တွေအာဏာပိုင် တားမြစ် : Source : RFA
2012-09-30
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အမျိုးသမီးဦးရေ ၂၀၀ လောက်က ငြိမ်းချမ်းရေးအတွက် စီတန်းလှည့်လည်ခွင့် လျှောက်ထားခဲ့ရာမှာ အဲဒီအမျိုးသမီးတွေကို အာဏာပိုင်တွေဘက်က မနေ့က ခေါ်ယူတွေ့ဆုံပြီး တားမြစ်လိုက်ပါတယ်။

ဆက်ဖက်ရန်---

 


(၁၂) မလေးရှားလူသားချင်းစာနာကူညီရေးအဖွဲ့ မြန်မာနိုင်ငံသို့ထွက်ခွာ : Source : RFA
2012-09-29
ရခိုင်ပြည်နယ်က ဒုက္ခသည်တွေကို ကူညီရေးအတွက် မလေးရှားနိုင်ငံက ပူထရာ ၀မ်း မလေးရှားအသင်းရဲ့ လူသားချင်းစာနာကူညီရေးအဖွဲ့ ပထမအသုတ်ဟာ စနေနေ့ ညနေပိုင်းက မြန်မာနိုင်ငံကို ထွက်ခွာလာခဲ့ပါတယ်။

ဆက်ဖက်ရန်---

 

 


(၁၃) ရွှေ့ပြောင်းမြန်မာ ကျောင်းသားများ ပညာရေး အစိုးရနှင့် ချိတ်ဆက် : Source : DVB

Published on October 1, 2012 by မိုးြမင့်ဇင်   ·   No Comments
ြမန်မာေရွှ့ေြပာင်း ေကျာင်းသားေကျာင်းသူေတွရဲ့ ပညာေရးအတွက် ြမန်မာေရွှ့ေြပာင်း လုပ်သားများ ပညာေရးေကာ်မတီ BMWEC ဟာ ြပည်တွင်း ပညာေရးဌာနေတွ၊ သက်ဆိုင်ရာအစိုးရနဲ့ စတင်ချိတ်ဆက် ေဆာင်ရွက်ေနပါတယ်။

ဆက်ဖက်ရန်---

 

(၁၄) အမျိုးသမီးများ ပညာရေးကဏ္ဍတွင် ခွဲခြားဆက်ဆံခံနေရ : Source : DVB

Published on October 1, 2012 by အေးနိုငျ   ·   No Comments
ဒီနှစ်အတွက် ရန်ကုန်နည်းပညာတက္ကသိုလ် ၀င်ခွင့်ရမှတ်ကို အြခား တက္ကသိုလ်ေတွ အားလံုးထက် ၀င်ခွင့်အမှတ်ပိုသတ်မှတ်ထားသလို အနိမ့်ဆုံးရမှတ်မှာ အမျုိးသမီးေတွက အမျုိးသားေတွထက် ပိုရဖို့လိုတယ်လို့ ကိုယ်တိုင်ေလှျာက်တဲ့ ေကျာင်းသားေတွက ေြပာြပပါတယ်။

ဆက်ဖက်ရန်---

 

(၁၅) အမေရိကန် ခရီးသွား မြန်မာပြည်အလာများ : Source : DVB

Published on October 1, 2012 by ေရွှေအာင်   ·   No Comments
အခုနှစ် လပိုင်းကုန်အထိ ြမန်မာနိုင်ငံကို လာေရာက်လည်ပတ်တဲ့ အေမရိကန်လူမျိုး ကမ္ဘာလှည့်ခရီးသည် ၂၀၅၀၀ ေလာက်ရှိြပီး အရင်နှစ် လပိုင်းနဲ့ ယှည်ြကည့်ရင် ၅၀ ရာခိုင်နှုန်း တိုးတက်လာေရာက်လည်ပတ်ခဲ့တယ်လို့ ဟိုတယ်ခရီး၀န်ြကီးဌာနက ေြပာပါတယ်။

ဆက်ဖက်ရန်---

 

(၁၆) အလုပ်သမားအဖွဲ့ အချင်းချင်း ဆန္ဒပြမှု ဖြစ်ပွား : Source : DVB

Published on October 1, 2012 by မိုးြမင့်ဇင်   ·   No Comments
ဒဂံုဆိပ်ကမ်း စက်မှုဇုန်က အလုပ်သမား အင်အား ၁၄၀၀ ေကျာ်ရှိတဲ့ အာရှနဂါး အထည်ချုပ် စက်ရံုမှာ အလုပ်သမားအဖွဲ့ ဖွဲ့ အချင်းချင်း ဒီေန့ မနက်ပုိင်းကစြပီး ဆန္ဒြပေနြကပါတယ်။

ဆက်ဖက်ရန်---

 

 

(၁၇) ရှစ်လအတွင်း အစိုးရက နိုင်ငံရေး လှုပ်ရှားသူ ၂၀၀ကို ဖမ်းဆီးဟု အေအေပီပီပြော : Source : DVB

Published on October 1, 2012 by အေးနိုငျ   ·   No Comments
ြမန်မာအစိုးရက ဒီနှစ်အစပုိင်းကေန ၈ လအတွင်းမှာ နိုင်ငံေရးလှုပ်ရှားသူ အနည်းဆုံး အေယာက် ၂၀၀ ကို နိုင်ငံေရးအမှုနဲ့ မဟုတ်တဲ့ အမှုေတွနဲ့ ဖမ်းဆီးအကျဉ်းချခဲ့ြပီး အေတာ်များများ တရားရင်ဆိုင်ေနရတယ်လို့ ထိုင်းအေြခစိုက် နိုင်ငံေရးအကျဉ်းသားများ ကာကွယ်ေစာင့်ေရှာက်ေရး အသင်း (ေအေအပီပီ-ဘီ) က ထုတ်ြပန်လိုက်ပါတယ်။

 

(၁၈) CPI ကုမ္ပဏီကို ကချင်ဒေသခံများ တရားစွဲမည် : Source : Irrawaddy

1-Oct-12

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း ဆောက်လုပ်ခွင့်ရရှိထားသော တရုတ်နိုင်ငံမှ China Power Investment (CPI) ကုမ္ပဏီကို သဘာဝပတ်ဝန်းကျင်နှင့် အမွေအနှစ်များကို ဖျက်ဆီးမှုဖြင့် ကချင်ပြည်သူများက တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) ၏ ဥက္ကဋ္ဌလည်းဖြစ်၊ ကချင်ငြိမ်းချမ်းရေးအဖွဲ့ ဥက္ကဋ္ဌလည်းဖြစ်သူ ဆက်ဖက်ရန်---


(၁၉) အမေရိကန် ခရီးစဉ် ပြီးဆုံး၊ ဦးသိန်းစိန် မြန်မာပြည် ပြန်ရောက် : Source : Irrawaddy
1-Oct-12
ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်မိန့်ခွန်းပြောကြားခြင်းနှင့် အမေရိကန်-မြန်မာ ဆက်ဆံရေးသစ် သံတမာန်ရေး တိုးမြှင့် ဆောင်ရွက်ရန် အမေရိကန်ပြည်ထောင်စုသို့ တပတ်ကြာ ခရီးထွက်ခဲ့သော သမ္မတ ဦးသိန်း စိန်သည် ခရီးစဉ် ပြီးဆုံးပြီး ယနေ့ အောက်တို ဘာ လ ၁ ရက်နေ့ နံနက်က ပြန်လည်ရောက်ရှိလာသည်။

ဆက်ဖက်ရန်---

 

(၂၀) သဘာဝဓာတ်ငွေ့ စီမံကိန်း ၂ ခုမှ ဒေါ်လာ ၁၆ ဘီလီယံကျော် မြတ် : Source : Irrawaddy
1-Oct-12
ရတနာနှင့် ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းကြီးနှစ်ခုမှ ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ် ၆ နှစ်တာကာလအတွင်း အမြတ်ဝင်ငွေ အမေရိကန် ဒေါ်လာ ၁၆.၆ ဘီလီယံကျော် ရရှိခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။

ဆက်ဖက်ရန်---

 

(၂၁) မှိုတက်ဆေးဝါး အရေးမယူဘူးလား : Source : Irrawaddy
1-Oct-12
ရန်ကုန်မြို့တွင်းရှိ ဆေးဆိုင်၊ ဆေးခန်းများတွင် ရက်မလွန်သေးသည့်ဆေးများ မှိုတက်ခြင်း၊ ပျက်ဆီးခြင်းများ ဖြစ်ပေါ်နေသည်က လက်ရှိ ကျန်းမာရေးဆိုင်ရာ ဘေးကင်းလုံခြုံရေးအတွက် မေးခွန်းထုတ်စရာဖြစ်လာပြီ ဖြစ်သည်။ အဆိုပါဆေးများသည် တရားဝင် ကျန်းမာရေးဝန်ကြီးဌာန၏ စစ်ဆေးမှုများကိုခံယူခဲ့ပြီး သော ဆေးဝါးများဖြစ်သည်။

ဆက်ဖက်ရန်---

 

(၂၂) မြိတ် ကျောက်မီးသွေးသုံး လျှပ်စစ်စက်ရုံ ဒေသခံများ ထပ်မံကန့်ကွက် : Source : Mizzima
ကွန်းချမ်း | တနင်္လာနေ့၊ အောက်တိုဘာလ ၀၁ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၃၇ မိနစ် စံခလပူရီ (မဇ္ဈိမ) ။       ။ တနင်္သာရီတိုင်း၏ တတိယမြောက် ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ် ဓါတ်အားပေး စက်ရုံ တည်ဆောက်မှု စီမံကိန်းကို ဖျက်သိမ်းပေးရန် ဒေသခံ တထောင့်ငါးရာကျော် စုပေါင်းလက်မှတ်ဖြင့် တနင်္လာနေ့တွင် နိုင်ငံတော်
(၂၃) ရှေ့နေလိုင်စင်အတွက် အကြိုဝင်ငွေခွန်များ မတူကွဲပြားစွာ ကောက်ခံနေဟုဆို : Source : Mizzima
မေသဇင် | တနင်္လာနေ့၊ အောက်တိုဘာလ ၀၁ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၁၆ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။        ။ ရန်ကုန်တိုင်းရှိ မြို့နယ် အသီးသီးမှ အထက်တန်းရှေ့နေများ ယခုနှစ်မှစ၍ လိုင်စင် သက်တမ်းတိုးရာတွင် တနှစ်စာ အကြိုဝင်ငွေခွန် ဆောင်ရာ ကျပ်တသောင်းခွဲမှ ငါးသောင်းနှစ်ထောင်ထိ အမျိုးမျိုး ကွဲပြားစွာ ကောက်ခံလျက် ရှိကြောင်း ရှေ့နေများက ပြောသည်။
ဆက်ဖက်ရန်---


(၂၄) ဘုန်းကြီးကျောင်းများ မီးရှို့မှု ရိုဟင်ဂျာ ပတ်သက်နေဟု ဘင်္ဂလားဒေ့ရှ် အစိုးရဆို : Source : Mizzima
နေမျိုး | တနင်္လာနေ့၊ အောက်တိုဘာလ ၀၁ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၃၅ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။      ။ မြန်မာနိုင်ငံနှင့် နယ်စပ်အနီး ဘင်္ဂလားဒေခ်ျ့နိုင်ငံ၊ ကော့ဘဇား ခရိုင်နှင့် စစ်တကောင်း နယ်များတွင် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများနှင့် လူနေအိမ်များကို လူအုပ်များက မီးရှို့ဖျက်ဆီးခြင်း၏ နောက်ကွယ် တွင် ရိုဟင်ဂျာများ ဆက်စပ်မှု ရှိနေသည်ဟု ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးက စွပ်စွဲပြောဆိုလိုက်သည်။
ဆက်ဖက်ရန်---


(၂၅) စစ်ဦးစီးချုပ်နှင့် သဘောထား ကွဲလွဲမှု မဟုတ်ကြောင်း KNU ပြော : Source : Mizzima
ဟင်္သာနီ (မွန်မြေ) | တနင်္လာနေ့၊ အောက်တိုဘာလ ၀၁ ရက် ၂၀၁၂ ခုနှစ် ၁၄ နာရီ ၃၀ မိနစ်

စံခလပူရီ (မဇ္ဈိမ)။   ။ ကရင်ပြည်နယ်၊ ဘားအံမြို့၌ စက်တင်ဘာလ ၂၉ ရက်နေ့က ကရင်အမျိုးသားအစည်းအရုံး KNU ၏ ဗဟိုအဆင့် ဆက်ဆံရေးရုံးအား KNU နှင့် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ဗဟို
စစ်ဌာနချုပ်အား အသိမပေးဘဲ စစ်ဦးစီးချုပ်က သွားရောက်ဖွင့်လှစ်ခဲ့ခြင်းသည် အဖွဲ့တွင်း သဘောထားကွဲလွဲမှု မဟုတ်ကြောင်း
ဆက်ဖက်ရန်---

 

(၂၆) ဖာပွန်မြို့နယ်၊ ကတိုင်တိတွင် BGF အတွက် အဆောက်အဦးများ အမြန်တည်ဆောက်နေ : Source : KIC
1-Oct-12
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ကတိုင်တိရွာနံဘေး၌ ကရင်နယ်ခြားစောင့်တပ်-BGF အခြေစိုက်ရာနေရာဟုဆိုကာ မြန်မာအစိုးရ မှ မြေယာရှင်းလင်းမှုနှင့် အဆောက်အဦးများ တည်ဆောက်လျှက်ရှိရာ ယခုအချိန်တွင် တိုက်တာအဆောက်အအုံ ၄၀ ၀န်းကျင် တည်ဆောက်ပြီးစီးနေပြီးဖြစ်ကြောင်း ဒေသခံများက ပြော ဆိုနေကြသည်။

ဆက်ဖက်ရန်---

 

 

 

(၂၇) ကချင်နှင့်သျှမ်းပြည် စီးပွားရေးလုပ်ငန်ရှင်များ မျက်စိကျစရာ နေရာဖြစ်လာနိုင်ကြောင်း ထိုင်းပညာရှင်ပြော : Source : Panglong

Monday, 01 October 2012 16:02 မွေခေါဝ်
၂၀၁၅ ခုနှစ် အာဆီယံ စီးပွားရေး ကွန်မြူနတီ (ASEAN Economic Community- AEC) ဖြစ်လာ ပါက ကချင်နှင့်သျှမ်းပြည်သည် အင်အားကြီးနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ မျက်စိကျစရာ နေရာ ဖြစ်လာနိုင်ကြောင်း ထိုင်းပညာရှင်များက ပြောဆိုပါသည်။

ဆက်ဖက်ရန်---

 


(၂၈) ခေါင်းဆောင်တဦးအနေဖြင့် တရားသောပစ်ဒဏ်ခံယူမည်ဟု စိုင်းနော်ခမ်းပြော : Source : Panglong
Monday, 01 October 2012 17:22 သျှမ်းသံတော်ဆင့်
တရုတ်နိုင်ငံ ရုံးတင်စစ်ဆေးခံရပြီးနောက် အမှုစီရင်ချက်မချရသေးသော ရွှေတြိဂံမူးယစ်ရာဇာ အမည်ရ စိုင်းနော်ခမ်းမှာ ခေါင်းဆောင်တဦးအနေဖြင့် တရားသောပစ်ဒဏ်ခံယူမည်ဟုပြောကြောင်း မိသားစုဝင်များက ပြောကြားလိုက်ပါသည်။

ဆက်ဖက်ရန်---

 

 

(၂၉) မြို့တော်ဟားခါးတွင် CNF က လူထုတွေ့ဆုံဆွေးနွေးရေး Organizing Committee ဖွဲ့စည်း : Source : Khonumthung

1-Oct-12

စက်တင်ဘာ ၂၁ ရက်နေ့က ဟားခါးမြို့တွင် CNF က လူထုတွေ့ဆုံဆွေးနွေးရေး ဆိုင်ရာ Organizing Committee ဖွဲ့စည်းလိုက်သည်ဟု သိရသည်။

ဆက်ဖက်ရန်---

 

 

(၃၀) လူကို ခြိမ်းခြောက်ရမ်ကားသူများအား ရဲ က ပြန်လွှတ်လိုက်သည့် ကိစ္စ လူငယ်တွေ မကျေနပ် : Source : Khonumthung

1-Oct-12

စက်တင်ဘာ ၂၉ ရက်နေ့က ဒေသခံ တဦးအား လူ ၅ ဦးက  ခြိမ်းခြောက်သည့် အမှု တရားလိုက တိုင်ကြားသည့်အပေါ် ဒေသခံ ရဲက ၄င်းတို့ကို တညသာ ချုပ်ထားပြီး ပြန်လွှတ်ပေးလိုက်သည့် အပေါ် ဒေသခံ လူငယ် တွေ မကျေနပ်ကြောင်း သိရသည်။

ဆက်ဖက်ရန်---

No comments:

Post a Comment