Pages

Sunday, August 26, 2012

နေ့စဉ်မြန်မာ့အရေး ဆက်စပ်သတင်းများ (သြဂုတ်လ ၂၅ရက်၊ ၂၀၁၂)

(၁) ရခိုင်ကိစ္စ ကုလဝန်ထမ်းကို ထောင် ၆ နှစ်ချ : Source : BBC
25-Aug-12
ဇွန်လဆန်းက ဖြစ်ခဲ့တဲ့ ရခိုင် ပဋိပက္ခမှာ ပါဝင်တယ် ဆိုပြီး ဖမ်းထားတဲ့ အထဲက ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCF) ဝန်ထမ်း မချိုလေးမာကို ထောင်ဒဏ် ၆ နှစ် ချမှတ် လိုက်တယ်လို့ သိရပါတယ်။


(၂) ရန်ကုန် ရေလျံမှုမှာ ကုမ္ပဏီကြောင့်ဆိုပြီး ဆန္ဒပြ : Source : BBC
25-Aug-12
ရန်ကုန်မြို့ သီရိမင်္ဂလာစျေးဟောင်းအနီး မိုးကြီး ရေလျံမှုကြောင့် စီးတင် နေတဲ့ ရေတွေဟာ ရန်ကုန်မြစ်ဘက်ကို မစီးဆင်းနိုင်ပဲ အေးရှားဝါ ကုမ္ပဏီရဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေကြောင့် ပိတ်ဆို့နေတယ်လို့ ယူဆပြီး ဒေသခံတချို့က ဆန္ဒပြမှု ဖြစ်ပွားခဲ့ပါတယ်။


(၃) လွှတ်တော် အစည်းအဝေး ပျက်တဲ့ ကိစ္စ ဥက္ကဌ ရှင်းရ : Source : BBC
24-Aug-12
ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ကြာသပတေးနေ့ မနက်ပိုင်း လွှတ်တော် အစည်း အဝေး တက်ရောက်ဖို့ ပျက်ကွက်ခဲ့တာနဲ့ ပတ်သက်ပြီး သောကြာနေ့ လွှတ်တော်မှာ ဖြေရှင်းချက် ပေးခဲ့ရ ပါတယ်။

 
(၄) ပိတ်ဆို့ကာရံထားတဲ့ ရေမြောင်းအဖုံး အမြန်ဖယ်ရှားဖို့ ရေဘေးသင့် ပြည်သူတွေတောင်းဆို : Source : RFA
2012-08-24
ရန်ကုန်မြို့ ကြည်မြင်တိုင်နဲ့ အလုံမြို့နယ် အတွင်းက ရေဘေးသင့် ပြည်သူ ၅၀၀ ကျော်လောက်ဟာ မနေ့ ညနေ ၄ နာရီကနေ ည ၉ နာရီအထိ Asia World ကုမ္ပဏီရှေ့မှာ စုရုံးပြီး အဲဒီကုမ္ပဏီက ကွန်ကရစ်ထုနဲ့ ပိတ်ဆို့ ကာရံထားတဲ့ ရေမြောင်းအဖုံးတွေကို အမြန် ဖယ်ရှားပေးဖို့ တောင်းဆို ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

(၅) ဆားလင်းကြီးမြို့နယ် ဒေသခံလူထု တစ်ထောင်ကျော် ဆန္ဒပြ : Source : RFA
2012-08-24
စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီ ထုတ်လုပ်ရေး စီမံကိန်း ဆက်လက် အကောင်အထည် ဖော်နေတဲ့ နေရာမှာ လယ်ယာမြေ အသိမ်းခံထားရတဲ့ ကျေးရွာပေါင်း ၂၆ ရွာက ဒေသခံလူထု တစ်ထောင်ကျော် ဟာ အလံတွေ၊ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး လယ်ယာမြေ သိမ်းပိုက်ပွဲလို့ အမည်ပေးထားတဲ့ ဆန္ဒပြပွဲကို ဒီကနေ့ နေ့လည်ပိုင်းမှာ စတင်လိုက်ကြပါတယ်။

(၆) ရိုဟင်ဂျာပြဿနာ အမေရိကန်အစိုးရရဲ့ ပိတ်ဆို့အရေးယူမှု လျော့ချရေးကို ထိခိုက်မှုမရှိ : Source : RFA
2012-08-24
မူဆလင် ရိုဟင်ဂျာတွေအပေါ် မြန်မာနိုင်ငံသားတွေရဲ့ သည်းခံနိုင်မှု အားနည်းတဲ့ အချက်ကြောင့် အမေရိကန်နိုင်ငံသား တချို့ရဲ့ မြန်မာနိုင်ငံအပေါ် ရှုမြင်ပုံကို တစ်စုံတစ်ရာ ထိခိုက်မှု ရှိနေပေမယ့် မိမိတို့ အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေ လျော့ချပေးဖို့ ကိစ္စကိုတော့ ထူးထူးခြားခြား ထိခိုက်မှု မရှိပါဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ Derek Mitchell က ပြောလိုက်ပါတယ်။

(၇) ရေလွှမ်းမိုးမှုဒဏ်ခံ လယ်သမားများကို နိုင်ငံတော်မှ စိုက်ပျိုးစရိတ်နှင့် အရင်းအနှီးထုတ်ပေး : Source : RFA
2012-08-24
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဟာ ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်ကို ဒီကနေ့ နေ့လည်ပိုင်းက သွားရောက်ခဲ့ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ရေလွှမ်းမိုးမှုဒဏ် ခံခဲ့ရတဲ့ လယ်သမားများကို တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

 
(၈) ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို စွပ်စွဲပြစ်တင်မှု အမျိုးသားလွှတ်တော်က စတင်ဆောင်ရွက်မည် : Source : RFA
2012-08-24
ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးကို စွပ်စွဲပြစ်တင်မှု ပြုလုပ်နိုင်ရန် ညွှန်ပြချက်နဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အနေနဲ့ ဘယ်လို သဘောထားတယ်ဆိုတာ ရှင်းလင်းဖြေကြားပေးဖို့ အဆိုကို သာပေါင်းမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းသန်းက ထပ်မံ တင်သွင်းလိုက်ပါတယ်။


(၉) ဘင်္ဂလီတချို့အား ရခိုင်ပြည်ရှိ မြို့နယ်အသီးသီးသို့ပို့ : Source : Arakantimes
24-Aug-12
စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းမှ ဘင်္ဂလီတချို့အား ရွှေပြည်သစ်မှန်လုံကားသုံးစီးဖြင့် ရခိုင်ပြည်နယ်ရှိ မြို့နယ် အသီးသီးသို့ စစ်တပ်မှဦးဆောင်ကာ သြဂုတ်လ ၂၄ ရက်နေ့ နေ့လည် ၁၂ နာရီ ခန့်တွင် ပို့ဆောင်ခဲ့ကြောင်း စစ်တွေမြို့မှ ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရသည်။


(၁၀) ဒု-ကင်းချောင်းကျေးရွာအနီးတွင် ရခိုင်တိုင်းရင်းသားတစ်ဦးအလောင်းအား ကင်းလှည့်တပ်သားတစ်ဦးတွေ့ရှိ  : Source : Arakantimes
25-Aug-12
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကင်းချောင်းကျေးရွာအုပ်စု၊ ဒု-ကင်းချောင်းကျေးရွာအနီး ဥယျဉ်ခြံတစ်ခုတွင် အလောင်းတစ်လောင်းအား လုံခြုံရေးချထားသော ခလရ (၂၃၃)မှ တပ်သားတစ်ဦးကင်းလှည့်စဉ် သြဂုတ်လ ၂၄ ရက်နေ့ညနေ ၅ နာရီတွင်တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။


(၁၁) စီမံကိန်းမှ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ရာတွင် ပန်းထိန်ဆည်ကျေးရွာမှာ အခွင့်အရေးမရှိ : Source : Arakantimes
25-Aug-12
မန်မာ-တရုတ် ရေနံပိုက်လိုင်းစီမံကိန်းမှ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ မြဒေးကျွန်းရှိ ကျေးရွာများအတွက် ဒေသဖွံ့ဖြိုးစီးမံကိန်များဆောင်ရွက်ရာတွင် ပန်းထိန်ဆည်ကျေးရွာမှာ အခွင့်အရေးများ မရရှိကြောင်း သတင်းရရှိသည်။

(၁၂) ရသေ့တောင်တွင် ညကင်းကြောင့် လယ်ယာစိုက်ပျိုးရေး ထိခိုက် : Source : Irrawaddy
25-Aug-12
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းမှ ကျေးရွာများတွင် ရပ်ရွာလုံခြုံရေးအတွက် ပြည်သူများကိုယ်တိုင် ကင်းစောင့်နေကြရသောကြောင့် လယ်ယာစိုက်ပျိုးရေးတွင် အားမထုတ်နိုင်ဘဲ လစ်ဟင်းဆုံးရှုံးမှုများ ဖြစ်နေရကြောင်း သတင်းရရှိသည်။


(၁၃) ဘင်္ဂလီတချို့အား ရခိုင်ပြည်ရှိ မြို့နယ်အသီးသီးသို့ပို့ : Source : Arakantimes
25-Aug-12
စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းမှ ဘင်္ဂလီတချို့အား ရွှေပြည်သစ်မှန်လုံကားသုံးစီးဖြင့် ရခိုင်ပြည်နယ်ရှိ မြို့နယ် အသီးသီးသို့ စစ်တပ်မှဦးဆောင်ကာ သြဂုတ်လ ၂၄ ရက်နေ့ နေ့လည် ၁၂ နာရီ ခန့်တွင် ပို့ဆောင်ခဲ့ကြောင်း စစ်တွေမြို့မှ ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရသည်။


(၁၄) စစ်ဘေးသင့် ကချင်ပြည်နယ်တွင် လူကုန်ကူးမှု မြင့်တက် : Source : Irrawaddy
25-Aug-12
စစ်ဘေးသင့်ဒေသဖြစ်သည့် ကချင်ပြည်နယ်သည် လူကုန်ကူးမှုဖြစ်စဉ် အများဆုံးဖြစ်ပွားသည့် ဒေသများစာရင်းတွင် အဆင့် (၄) နေရာ၌ ရှိကြောင်း သတင်းရရှိသည်။


(၁၅) ‘စုံ’ နှစ်မို့ ‘စည်’ ဦးမတဲ့ … အိုတောင်ပြုံး : Source : Irrawaddy
25-Aug-12
မန္တလေးမြောက်ဘက် မတ္တရာမြို့နယ်ထဲမှာ ရှိတဲ့ တောင်ပြုံးကျေးရွာက ဆုတောင်းပြည့်၊ ဆုတောင်းရ ဘုရားပွဲတော်နဲ့ တောင်ပြုံးမင်းနှစ်ပါး ပွဲတော်ကို ၀ါခေါင်လဆန်း ၁ ရက် (၂၀၁၂ ခုနှစ် သြဂုတ်လ ၁၈ ရက်) နေ့က စပြီး ကျင်းပနေပါပြီ။

 
(၁၆) မြန်မာပြည်ဟာ ကမ္ဘာ့စပါးကျီ တကျော့ပြန် ဖြစ်နိုင်ဦးမလား : Source : Irrawaddy
25-Aug-12
တချိန်က နိုင်ငံတကာကို ဆန်အများဆုံးတင်ပို့ပြီး ကမ္ဘာ့စပါးကျီဖြစ်ခဲ့တဲ့ အနေအထားကို ပြန်ရအောင်ကြိုးစားဖို့ မြန်မာပြည်မှာ ရည်မှန်းချက်ရှိနေပါတယ်။


(၁၇) ချက်ချင်း အလုပ်ရှာပေးနိုင်တဲ့ပွဲ : VOA
25-Aug-12
ကုမ္ပဏီအလုပ်အမှုဆောင် အရာရှိရာထူးကစလို့ လုံခြုံရေးဝန်ထမ်းရာထူးအထိ အလုပ်နေရာတွေ ခေါ်ယူရှာဖွေပေးတဲ့ အလုပ်အကိုင် အခွင့်အလမ်း ဆိုင်ရာပြပွဲကို ရန်ကုန်မြို့မှာ ဒီကနေ့ သောကြာနေ့ကစပြီး လုပ်နေတာမှာ အလုပ်ရှာနေသူပေါင်း မြောက်များစွာ သွားရောက် အလုပ်လျှောက် နေကြပါတယ်။ မြန်မာနိုင်ငံ လူငယ်


(၁၈) အမေရိကန်ချစ်ကြည်ရေး ဘတ်စကက်ဘောအဖွဲ့ မြန်မာပြည် လာမည် : VOA
25-Aug-12
အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံကြား ဆက်ဆံရေး တိုးတက်လာမှု အရိပ်လက္ခဏာများ အနက် လတ်တလောအကျဆုံးကတော့ အမေရိကန် ထိပ်တန်း ဘတ်စကတ်ဘော အမျိုးသားနဲ့ အမျိုးသမီးအသင်းတို့က အမေရိကန် နိုင်ငံခြားရေးဌာနနဲ့ ပူးတွဲပြီး မြန်မာနိုင်ငံကို ဘတ်စကတ်ဘော ချစ်ကြည်ရေးအဖွဲ့ စေလွှတ်မှာဖြစ်တယ်လို့


(၁၉) ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေး PNLO သဘောတူ လက်မှတ်ထိုး : Source : KIC
25-Aug-12
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်-PNLO နှင့် အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ ယနေ့ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် တွေ့ဆုံဆွေးနွေး ခဲ့ကြပြီး ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီ လက်မှတ်ရေးထိုးခဲ့ကြသည်။


(၂၀) KNU နှင့်တတိယ အကြိမ်မြောက် ဆွေးနွေးရေး မြန်မာ အစိုးရ ရက်ရွှေ့ဆိုင်း : Source : KIC
25-Aug-12
ကရင်ပြည်နယ်၊ ဖားအံမြို့တွင် သြဂုတ်လ ၂၇ရက်မှ ၂၉ရက်နေ့အထိ ကရင်အမျိုးသားအစည်းအရုံး-KNU နှင့် တတိယအကြိမ်မြောက် အပစ်ရပ်ရေးဆွေးနွေးမည့်ကိစ္စကို မြန်မာအစိုးရဘက်မှ အကြောင်းပြချက်မရှိ ရက်ရွှေ့ဆိုင်းလိုက်ကြောင်း KNU က ယနေ့ ကြေညာချက် ထုတ်ပြန်လိုက်သည်။

No comments:

Post a Comment