Pages

Thursday, August 16, 2012

နေ့စဉ်မြန်မာ့အရေးဆက်စပ်သတင်းများ (သြဂုတ်လ ၁၅ရက်၊ ၂၀၁၂ခုနှစ်)


(၁) လွှတ်တော်မှာ ဒုတိယသမ္မတ အတည်ပြုဖွယ်ရှိ : Source : VOA
14-Aug-12
တပ်မတော်သား လွှတ်တော်အမတ်တွေက ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းကို ဒုတိယသမ္မတအဖြစ်နဲ့ ရွေးချယ်လိုက်ကြပြီ ဖြစ်ပါတယ်။ ဒုတိယသမ္မတသစ်အဖြစ် သြဂုတ်လ ၁၅ ရက်နေ့မှာ ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်အစည်းဝေးမှာ ကျမ်းသစ္စာကျိန်ဆိုတဲ့ အခမ်းအနား ပြုလုပ်ဖို့ လွှတ်တော် အစီအစဉ်ထဲမှာ

(၂) ကချင်ပြည်နယ် စုံစမ်းတွေ့ရှိမှု လူ့အခွင့်အရေးကော်မရှင် ထုတ်ပြန် : Source : VOA
14-Aug-12
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ကချင်ပြည်နယ်အတွင်းမှာ သွားရောက် လေ့လာ တွေ့ရှိချက်တွေနဲ့ ပတ်သက်လို့ သြဂုတ်လ ၁၄ ရက်နေ့ မှာ ကြေညာချက် ထုတ်ပြန်ပြီးတော့ အကြံပြုချက်တချို့လည်း ထည့်သွင်း ဖော်ပြထားပါတယ်။ ဒါပေမယ့်  ကချင် လွှတ်မြောက်ရေးအဖွဲ့ ကေအိုင်အို ကတော့ ဒီအဖွဲ့ဟာ အစိုးရက

 

(၃) အစိုးရနဲ့ ကေအိုင်အေ နှစ်ဖက်လုံး လူ့အခွင့်အရေး ဖောက်ဖျက် : Source : RFA

2012-08-14
အစိုးရနဲ့ ကေအိုင်အေ နှစ်ဖက်လုံးက တပ်ဖွဲ့တွေဟာ ကချင်ပြည်နယ် ဒေသခံ လူထုအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

(၄) အခြေခံဥပဒေ ခုံရုံးအဖွဲ့ နုတ်ထွက်ရမည် : Source : RFA

2012-08-14
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ သြဂုတ်လ ၂၁ ရက် နောက်ဆုံးထားပြီး ရာထူးက နုတ်ထွက်ပေးဖို့ နိုင်ငံတော် သမ္မတထံ တင်ပြမယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

(၅) မြန်မာအစိုးရကို OIC တိုက်တွန်း : Source : RFA
2012-08-14
မြန်မာနိုင်ငံတွင်းရှိ လူမျိုး ဘာသာအားလုံးအတွက် အကျုံးဝင်မယ့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနဲ့ နာလန်ထူရေး မူဝါဒတွေ ချမှတ်ဆောင်ရွက်ဖို့ မြန်မာ အစိုးရကို အစ္စလာမ် ဘာသာဝင်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC က တိုက်တွန်း လိုက်ပါတယ်။

(၆) အလုပ်သမားခေါင်းဆောင်၂ ဦး ထုတ်ပယ်ခံရ : Source : RFA
2012-08-14
ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ စစ်တွေဆိပ်ကမ်း တည်ဆောက်ရေး အလုပ်သမားတွေရဲ့ အလုပ်သမားအခွင့်အရေး ဆန္ဒပြပွဲမှာ ဦးဆောင်ခဲ့တဲ့ ကိုမျိုးဇော်ထွန်းနဲ့ မိမိတို့ ၂ ဦးကို Essar ကုမ္ပဏီက ဒီကနေ့ အလုပ်က ထုတ်ပယ်လိုက်တယ်လို့ အလုပ်သမားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုထွန်းသိန်းက RFA ကိုပြောပါတယ်။

(၇) ၈၈ တွေ ကျောက်ပန်းတောင်းမှာ စည်းရုံး : Source : RFA
2012-08-14
ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေဟာ ဒီကနေ့ ညနေ ၃ နာရီက ကျောက်ပန်းတောင်းမြို့ သာသနာ့ဗိမာန်မှာ ဒေသခံ လူထု ၁၀၀၀ ကျော်နဲ့ တွေ့ဆုံခဲ့ပါတယ်။


(၈) မန္တလေး သံဃာအပါး ၃၀၀ ကျော်ကို အဓမ္မ ဖယ်ရှားခိုင်း : Source : RFA
2012-08-14
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်မှာရှိတဲ့ ၀ါခင်းကုန်း ဣစာသယ ပရိယတ္တိ စာသင်တိုက်က စာသင်သံဃာအပါး (၃၀၀) ကျော်ကို မြို့နယ်သံဃနာယက အဖွဲ့က ကျောင်းတိုက်ကနေ အဓမ္မ ဖယ်ရှားခိုင်းနေတဲ့အတွက် ကျောင်းနေသံဃာတော်တွေ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ တိုက်အုပ်ဆရာတော် ဦးကောသလ္လက RFA ကို

(၉) ကြို့ကုန်းက ဆိုင်ရှင်တွေကို ၈၈ တွေကူညီ : Source : RFA
2012-08-14
ရန်ကုန်တိုင်း အင်းစိန်မြို့နယ် အနောက်ကြို့ကုန်း ရပ်ကွက်က နှစ် ၃၀ စာချုပ်နဲ့ ရောင်းချထားတဲ့ ဈေးဆိုင်ခန်း ၂၂ ခန်းကို စည်ပင်သာယာက မနက်ဖြန် နောက်ဆုံးထား ဖယ်ရှားခိုင်းနေတာနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ကို အကူအညီ တောင်းခံခဲ့ကြောင်း ဆိုင်ခန်းပိုင်ရှင်တွေကို ဒီကနေ့ သွားရောက်တွေ့ဆုံခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသူ

(၁၀) ဟင်္သာတ လယ်သမားတွေ ဆန္ဒပြ : Source : BBC
14-Aug-12
ဧရာဝတီတိုင်း ဟင်္သာတမြို့နယ်မှာရှိတဲ့ ကျေးရွာ ၆အုပ်စုက လယ်သမားတွေဟာ အင်းလုပ်ငန်း လုပ်ကိုင်သူတွေကြောင့် သူတို့ရဲ့ စိုက်ပြီးသား လယ်ဧက သုံးထောင်ကျော် ရေနစ်မြုပ်ကုန် တာကို အရေးယူပေးဖို့ ဟင်္သာတမြို့ပေါ် အုပ်ချုပ်ရေးမှူးတွေဆီကို တက်ပြီး ဆန္ဒ ထုတ်ဖေါ်ခဲ့ကြပါတယ်။

(၁၁) ပုသိမ် တဝိုက် မိုးကြီး ရေလျှံ : Source : BBC

15-Aug-12
ဧရာ၀တီတိုင်း ပုသိမ်၊ ကန်ကြီးထောင့်နဲ့ ကျောင်းကုန်း မြို့နယ် တွေမှာ ကျေးရွာ တချို့ နဲ့ လယ်ဧက ၆၀၀၀ ကျော် ရေမြုပ် နေပြီး ဒုက္ခသည် ၁၄၀၀ ကျော် ကယ်ဆယ်ရေး စခန်း ရောက်နေ ပါတယ်။

(၁၂) တိုင်းရင်းသားလက်နက်ကိုင်တပ်နှစ်ခု နယ်ေြမြပဿနာ ညှိနှုိင်းရန် ြကိုးစား : Source : DVB
Published on August 15, 2012 by နန်းြမနဒီ   ·   No Comments
ယူဒဗလျူအက်စ်ေအ ၀ တပ်ဖွဲ့ ထိန်းချုပ်နယ်ေြမထဲကို နယ်ကွျံ ၀င်ေရာက်တယ်ဆိုြပီး ဖမ်းထားတဲ့ ရှမ်းြပည်တပ််မေတာ် ေတာင်ပိုင်း အဖွဲ့၀င် ၁၄ ဦး ြပန်လွတ်ဖို့ နှစ်ဖက်ညှိနိှုင်းြကိုးစားေနပါတယ်။

(၁၃) ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့သမ္မတ ဦးသိန်းစိန်လက်ခံ : Source : DVB

Published on August 15, 2012 by ေရွှေအာင်   ·   No Comments
ဘယ်လ်ဂျီယံနိုင်ငံ ထိပ်တန်းတက္ကသိုလ်တခုက ေပးအပ်မယ့် ဂုဏ်ထူးေဆာင် ေဒါက်တာဘွဲ့ကို သမ္မတဦးသိန်းစိန်က လက်ခံလိုက်ပါတယ်။ဘယ်လ်ဂျီယံနိုင်ငံ de Liege တက္ကသိုလ်က ဒုတိယပါေမာက္ခချုပ်အဖွဲ့နဲ့ သမ္မတဦးသိန်းစိန်တို့ ဒီေန့ ေနြပည်ေတာ်မှာ တှေ့ဆုံခွဲ့ပီးနောကျ ဂုဏျထူးဆောငျ ဒေါကျတာဘှဲ့ကို လက်ခံမယ်လို့ သမ္မတက ေြပာလိုက်တာလုိ့ မဂင်္လာြမန်မာအဖွဲ့က ဒါရိုက်တာ ေဒါက်တာဖုန်း၀င်းက ေြပာပါတယ်။


(၁၄) ကချင်ဒုက္ခသည်များနေရပ်ပြန်ရန် တရုတ်အာဏာပိုင်များတိုက်တွန်း : Source : DVB

Published on August 15, 2012 by ရဲ၀င့်သူ   ·   No Comments
ကချင်ြပည်နယ်အတွင်း တိုက်ပွဲေတွေြကာင့် တရုုတ်နိုင်ငံထဲ ထွက်ေြပးတိမ်းေရှာင် ခိုလံှုေနြကတဲ့ ကချင် စစ်ေဘးဒုက္ခသည်ေတွကို ြမန်မာနုိင်ငံဘက်မှာ တိုကျပှဲတှေ မရှိတော့တဲ့အတှကျ နေရပျွပနျွကဖို့ တရုတ် အာဏာပိုင်ေတွက တိုက်တွန်းေနပါတယ်။

(၁၅) ကိုင်းတန်းဈေး ဆန္ဒပြပွဲတွင် အဖမ်းခံရသူများ အာမခံ ပယ်ချခံရ : Source : DVB
Published on August 15, 2012 by ဒီဗွီဘီ   ·   No Comments
ပြီးခဲ့တဲ့ သီတင်းတပတ်ကျော်က မန္တလေးမြို့ ကိုင်းတန်းဈေးက ဈေးသည်တွေရဲ့ ဆန္ဒပြပွဲနဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံထားရသူ ၃ ဦးကို အာမခံနဲ့ ပြန်လွှတ်ပေးဖို့ လျှောက်ထားခဲ့တာ ပယ်ချခံခဲ့ရပါတယ်။

(၁၆) မြစ်ရေကြီးမှု အခြေအနေသတင်း : Source : DVB
Published on August 15, 2012 by ဒီဗွီဘီ   ·   No Comments
သံလွင်မြစ်ရေဟာ ကရင်ပြည်နယ် ဘားအံမြို့မှာ စိုးရိမ်ရေမှတ်အထက် နှစ်ပေခွဲသာသာ ကျော်လွန်နေပြီး နောက် ၂ ရက်အတွင်း  မြို့ရဲ့ စိုးရိမ်ရေမှတ်အထက်မှာပဲ ဆက်ရှိနိုင်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန (မိုးဇလ) က ဒီနေ့မွန်းလွဲပိုင်းမှာ သတင်း ထုတ်ပြန်ပါတယ်။


 (၁၇) ပုံစံတူ လူသတ်မှုကြောင့် ကျောက်ပန်းတောင်း ဒေသခံများ ထိတ်လန့် : Source : Irrawaddy
15-Aug-12
မန္တလေးတိုင်း မြင်းခြံ ခရိုင် ကျောက်ပန်းတောင်း မြို့နယ် ထဲမှ ကျေးရွာ ၂ ရွာတွင် အမျိုးသမီး ၂ ဦး ပုံစံတူ သတ်ဖြတ် ခံခဲ့ရပြီးနောက် ကျောက်ပန်းတောင်း မြို့ပေါ်နှင့် ဒေသတွင်း ကျေးရွာနြေ ပည်သူများ စိုးရိမ်ထိတ်လန့် နေကြကြောင်း သတင်းရရှိသည်။

(၁၈) ရခိုင်ဒေသ ညမထွက်ရ အချိန်လျှော့ : Source : Irrawaddy

15-Aug-12
ရခိုင်ပြည်နယ်အတွင်း ဆူပူအကြမ်းဖက်မှုများကြောင့် မြို့နယ်တချို့တွင် ထုတ်ပြန်ထားသော ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကို အချိန်ကန့်သတ်မှု လျှော့ချလိုက်ကြောင်း သိရသည်။

(၁၉) မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုးများ ပျက်စီး : Source : Irrawaddy

15-Aug-12
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ မြန်မာဘက်က ကာရံထားတဲ့ နယ်စပ်ခြံစည်းရိုးမှာ မိုးရာသီ ရေတိုက်စားမှုနဲ့ ခိုးယူခံရမှုကြောင့် ပျက်ဆီးမှုများရှိနေကြောင်း သိရပါတယ်။


(၂၀) အခွန်တိုးလို့ အိမ်ခြံမြေဈေး ကျမလား : Source : Irrawaddy
15-Aug-12
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာနက သြဂုတ်လ ၁၁ ရက်နေ့မှစတင်ပြီး အိမ်ခြံမြေ ၀ယ်ယူသူက အနည်းဆုံး ၃၅ ရာခိုင်နှုန်းမှ ၃၇ ရာခိုင်နှုန်းအထိ ဝယ်ယူခွန် တိုးမြှင့်ပေးဆောင်ရသည့် စနစ်ကိုပြောင်း လဲလိုက်ရာ 

 
(၂၁) ဧရာဝတီတိုင်းအတွင်းရှိ လိပ်သောင်များ ဆယ်စုနှစ်တခုအတွင်း ထက်ဝက်ပျက်စီး : Source : Mizzima
သစ်ငြိမ်း | ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၁၅ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၁၄ မိနစ်
ရန်ကုန် (မဇ္ဈိမ) ။       ။ ပင်လယ်လိပ်များ တက်ရောက်ခိုလှုံလေ့ရှိသည့် ဧရာဝတီတိုင်းအတွင်းရှိ လိပ်ကျွန်း၊ လိပ်သောင်များသည် ဆယ်စုနှစ်တခုအတွင်း ထက်ဝက်နီးပါး ပျက်စီးဆုံးရှုံးခဲ့ကြောင်း လေ့လာသုတေသနပြုသူတို့က
ပြောသည်။

(၂၂) နယ်စပ်စခန်းနှစ်ခုတွင် စားသောက်ကုန် အရည်အသွေး ကြပ်မတ်မှု စတင်မည် : Source : Mizzima
ရတနာဦး | ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၁၅ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၅၇ မိနစ်
ရန်ကုန် (မဇ္ဈိမ) ။        ။ ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့နှင့် မြန်မာ-တရုတ် နယ်စပ် မူဆယ်မြို့များတွင် တင်သွင်းသည့် စားသောက်ကုန်များ၏ အရည်အသွေး ကြပ်မတ်စစ်ဆေးမှုများ ယခုနှစ် မကုန်မီ စတင်ပြုလုပ်သွားမည်ဟု ယင်းလုပ်ငန်း ဆိုင်ရာ အရာရှိတဦးက ပြောသည်။
ဆက်ဖက်ရန်---


(၂၃) ဈေးဝယ်ငွေထုတ် ကဒ်များ နောက်လထွက်မည် : Source : Mizzima
သိင်္ဂီထွန်း | ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၁၅ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၃၉ မိနစ်
ရန်ကုန် (မဇ္ဈိမ)။         ။ ဈေးဝယ်နိုင်ရန်နှင့် ဘဏ်များတွင် အပ်နှံထားသည့် ငွေများ ပြန်လည် ထုတ်ယူနိုင်ရန် MPU (Myanmar Payment Union) ဟု အမည်ပေးထားသည့် ကဒ်တမျိုးကို စက်တင်ဘာလအတွင်း စတင် အသုံးပြုနိုင်
တော့မည်ဟု အာရှိ စိမ်းလန်းစိုပြေရေးနှင့် ဖွံ့ဖြိုးမှုဘဏ် (AGB) ၏ စီမံခန့်ခွဲမှု ဒါရိုက်တာ ဦးရဲမင်းဦးက မဇ္ဈိမကို ပြော သည်။
ဆက်ဖက်ရန်---

(၂၄) ကော့ကရိတ် ကြာအင်းဆိပ်ကြီးဒေသများတွင် ရေကြီး၍ လယ်မြေဧက ထောင်နှင့်ချီ ပျက်စီး : Source : KIC
15-Aug-12
ကရင်ပြည်နယ် ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်များရှိ ကျေးရွာ အတော်များများတွင် မိုးများကာ ရေကြီး၍ တောင်သူများ စိုက်ပျိုးထားသော လယ်မြေဧကပေါင်း ထောင်နှင့်ချီ၍ ပျက်စီးဆုံးရှုံးလျှက်ရှိကြောင်း ဒေသခံလယ်သမားများ၏ ပြောပြချက်အရ သိရ သည်။

 
(၂၅) မြ၀တီတွင် တပ်မဟာနှစ်ခုအတွက် KNU ဆက်ဆံရေးရုံး ဖွင့်မည် : Source : KIC
15-Aug-12
ကရင်အမျိုးသားအစည်းအရုံး (KNU)မှ ကရင်ပြည်နယ်၊ မြ၀တီမြို့တွင် တပ်မဟာနှစ်ခုအတွက် ဆက်ဆံရေးရုံးကို သြဂုတ်လ ၁၈ရက်နေ့ တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ယနေ့ရရှိသည့် ၎င်းတို့၏ ဖိတ်စာအရ သိရသည်။

 

(၂၆) သျှမ်းပြည် (မြောက်ပိုင်း) မူးယစ်ဆေးဝါး လွတ်လပ်စွာ ရောင်းဝယ်သုံးစွဲနေ : Source : Panglong

Wednesday, 15 August 2012 16:27 သျှမ်းသံတော်ဆင့်
သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့ပေါ်တွင် မူးယစ်ဆေးဝါးများ လွတ်လပ်စွာ ရောင်းဝယ်ဖေါက်ကားနေ သော်လည်း အာဏာပိုင်များဘက်မှ အရေးယူမှုမရှိကြောင်း စုံစမ်းသိရသည်။

 

(၂၇) မိုးသည်းထန်ရွာ တောင်မြေပြိုကျ ပြည်ထောင်စုကားလမ်းပိတ်ဆို့ : Source : Panglong

Wednesday, 15 August 2012 16:24 သျှမ်းသံတော်ဆင့်
သျှမ်းပြည်မြောက်ပိုင်း မိုးသည်းထန်စွာရွာသွန်းသောကြောင့် တရုတ်နယ်စပ် ပြည်ထောင်စု လမ်းမထက်၌ ရေကြီး တောင်ပြို သစ်ပင်ပြိုလဲရာ ကုန်ကား ခရီးသည်ကား အစီးထောင်ချီ ပိတ်မိကြောင်း ကားဆရာ တဦး ကပြောပါသည်။


(၂၈) အစိုးရ ဝန်ထမ်းများ မိုဘိုင်း SIM ကတ် အရစ်ကျဝယ်ယူခွင့်ရ လူထုလက်ကိုင်ဖုန်းသုံးမှုပိုများလာ : Source : Panglong

Wednesday, 15 August 2012 16:16 သျှမ်းသံတော်ဆင့်
မိုဘိုင်း SIM ဖုန်း ဝန်ထမ်းများ အရစ်ကျဝယ်ယူနိုင်ခွင့်ရရှိလာသဖြင့် သျှမ်းပြည်ဒေသခံ လူငယ် များ လက်ကိုင်ဖုန်းဝယ်ယူသုံးစွဲမှု များပြားလာကြောင်း သျှမ်းပြည်မြောက်ပိုင်းဝန်ထမ်းများ အသိုင်း အဝိုင်းကပြောသည်။

No comments:

Post a Comment