Wednesday, May 9, 2012

ရွှေလောင်းမြို့ နှင့် ကျုံမငေးမြို ကျောင်းသားသမဂ္ဂများကို အာဏာပိုင်များမှ ဖိအားပေးခြိမ်းခြောက်


၈ရက် မေလ ၂၀၁၂ခုနှစ်
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ ချုပ်၏ မြောင်းမြခရိုင် ၀ါးခယ်မမြို့ နယ်
ရွှေလောင်းမြို့  ကျောင်းသားများ သမဂ္ဂနှင့် ကျုံမငေးမြို့  ကျောင်းသားများ သမဂ္ဂမှ ကျောင်းသား/
သူများကို မြို့ နယ်အာဏာပိုင်များ မှ ဖိအားပေး ခြိမ်းခြောက်လျက်ရှိကြောင်း သိရသည်။ 
ထိုမြို့ နှစ်မြို့ မှ ကျောင်းသား/သူများအား မြို့ နယ်ရဲတပ်ဖွဲ့ နှင့် မြို့ နယ် အထွေထွေအုပ်ချုပ်ရေးရုံးမှ 
သမဂ္ဂ၀င်ကျောင်းသား/သူများ၏ အမည်စာရင်းကို ခေါ်ယူမေးမြန်းခြင်း သမဂ္ဂ၀င်ကျောင်းသား/
သူများ၏ နေရပ်လိပ်စာ၊ မိဘအလုပ်အကိုင်၊ တက်ရောက်လျှက်ရှိသော မေဂျာနှင့် 
တက္ကသိုလ်တို့အား အကျပ်ကိုင်မေးမြန်းခြင်း မှတ်ပုံတင်အမှတ် ၊သန်းခေါင်စာရင်းတို့အား မိတ္တူကူးယူသွားခြင်း ကျောင်းသား/သူများ၏ မိဘများအား ၄င်းတို့ ၏သား/သမီးများ
ကျောင်းသားသမဂ္ဂသို့ဝင်ရောက်ပါက အန္တာရာယ် ရှိနိုင်ကြောင်း ခြိမ်းခြောက်ပြောကြားခြင်းများ ပြုလုပ်နေကြောင်း ရွှေလောင်းမြို့ ကျောင်းသားသမဂ္ဂမှ
ကျောင်း သား တစ်ဦးက ပြောကြားခဲ့သည်။

No comments:

Post a Comment