Tuesday, May 8, 2012

ဒေါ်အောင်ဆန်းစုကြည်နှင့် ကမ္ဘာ့ အမျိုးသမီးရေးရာ အဖွဲ့ရဲ့အမေရိကန် နိုင်ငံဆိုင်ရာ သံအမတ်တို့ တွေ့ဆုံ


၇ရက် မေလ ၂၀၁၂ခုနှစ်
ကမ္ဘာ့ အမျိုးသမီးရေးရာ အဖွဲ့ရဲ့အမေရိကန် နိုင်ငံဆိုင်ရာ သံအမတ် MelanneVerveer နဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ မေလ ၆ ရက်နေ့ ညနေပိုင်းက
ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်မှာ တွေ့ဆုံ ခဲ့ပါတယ်။ Melanne Verveer ဟာ မြန်မာနိုင်ငံကို 
လာရောက်တဲ့ ခရီးစဉ်အတွင်း အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ ကြုံတွေ့နေရတဲ့
စိန်ခေါ်မှုတွေနဲ့ အခွင့်အရေးတွေကို ကြည့်ရှုသွားမှာ ဖြစ်ကြောင်းနဲ့ လူ့အဖွဲ့အစည်းထဲမှာ 
ပါဝင်သမျှ လူအားလုံးဟာ သူတို့ ပါဝင်လှုပ်ရှား ဆောင်ရွက်ရမယ့် အခန်းဏ္ဍတွေ ကိုယ်စီ 
ရှိရမယ်လို့တက်ရောက်လာတဲ့ သတင်းထောက်တွေကို ပြောကြား ခဲ့ပါသည်။

No comments:

Post a Comment