၁၀ရက် ဧပြီလ ၂၀၁၂ခုနှစ်
၁၉၉၀ ပြည့်နောက်ပိုင်း မြန်မာပြည်ဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် လက်ရှိ မြန်မာ့
အရေး ကြားဝင် ဆောင်ရွက်နေသူ ဒဲရစ်မစ်ချယ်လ်အား ခန့်အပ်နိုင်ခြေ ရှိတယ်ဆိုတဲ့
သတင်းများ ထွက်ပေါ်နေတဲ့အပေါ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့
ဘယ်အချိန်လောက်မှာ ကြေငြာချက် ထုတ်ပြန်နိုင်ပါသလဲ ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဗစ်တိုးရီးယား နူလန်း
(Victoria Nuland) က သမ္မတရဲ့ ပုဂ္ဂလိက ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး နိုင်ငံခြားရေး
ဝန်ကြီးဌာနအနေနဲ့ ကြေငြာချက် ထုတ်ပြန်ရန် အစီအစဉ် မရှိကြောင်း။ တကယ်လို့
ကြေငြာချက်တစုံတရာ ထုတ်ပြန်ဖို့ ရှိတယ်ဆိုရင်လည်း အိမ်ဖြူတော်ကနေ ကြေငြာမှာ
သေချာပါကြောင်း ၂၀၁၂ ဧပြီ ၉ ရက်နေ့တွင် ကျင်းပတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန
သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ဖော် ပြောကြားသွားပါတယ်။
No comments:
Post a Comment