၂၉ရက် ဧပြီလ ၂၀၁၂ခုနှစ်
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့
ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ လက်ရှိ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ နှစ်ဖွဲ့ကို
တစ်ဖွဲ့တည်းဖြစ်အောင်
ပြန်လည်ဖွဲ့စည်းရာမှာ
အကြီးတန်းတပ်မတော် အရာရှိကြီးတွေ၊ လွှတ်တော်
ကိုယ်စားလှယ်တွေနဲ့ ပြည်နယ် ၀န်ကြီးချုပ်တွေ
ပါဝင်ကြမှာဖြစ်ပြီး ဒု သမ္မတ
တစ်ဦးက ဦးဆောင်မှာဖြစ်ကြောင်း၊ အစိုးရ
ငြိမ်းချမ်းရေး ဆောင်ရွက်မှုတွေနဲ့ နီးစပ်တဲ့
အမည်မဖော်လိုသူ တစ်ဦးက ပြောဆိုကြောင်း
ရိုက်တာသတင်းက ဖော်ပြပါတယ်။
No comments:
Post a Comment