Monday, April 30, 2012
KIA ဌာနချုပ် အ၀ိုင်းခံနေရခြင်း
၂၉ရက် ဧပြီလ ၂၀၁၂ခုနှစ်
အစိုးရ တပ်ဖွဲ့
များသည်၊ ကချင်ပြည် လွတ်မြောက်ရေး တပ်မတော် (KIA) ဌာနချုပ်ကို
လက်နက်ကြီး များနှင့် အဆက် မပြတ် ပစ်ခတ်နေသည့်
အပြင် တိုက်ပွဲ များလည်း
အဆက်မပြတ် ဖြစ်ပွါး နေခြင်းကြောင့် ဗဟို ဌာနချုပ် လုံခြုံရေး
အတွက် စိုးရိမ် စရာ
ဖြစ်နေပြီးဟု ကေအိုင်အို အရာရှိ တဦးက
ပြောပါသည်။
အစိုးရ ငြိမ်းချမ်းရေးအဖွဲ့သစ်မှာ ဒု သမ္မတ ဦးဆောင်မည်
၂၉ရက် ဧပြီလ ၂၀၁၂ခုနှစ်
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့
ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ လက်ရှိ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ နှစ်ဖွဲ့ကို
တစ်ဖွဲ့တည်းဖြစ်အောင်
ပြန်လည်ဖွဲ့စည်းရာမှာ
အကြီးတန်းတပ်မတော် အရာရှိကြီးတွေ၊ လွှတ်တော်
ကိုယ်စားလှယ်တွေနဲ့ ပြည်နယ် ၀န်ကြီးချုပ်တွေ
ပါဝင်ကြမှာဖြစ်ပြီး ဒု သမ္မတ
တစ်ဦးက ဦးဆောင်မှာဖြစ်ကြောင်း၊ အစိုးရ
ငြိမ်းချမ်းရေး ဆောင်ရွက်မှုတွေနဲ့ နီးစပ်တဲ့
အမည်မဖော်လိုသူ တစ်ဦးက ပြောဆိုကြောင်း
ရိုက်တာသတင်းက ဖော်ပြပါတယ်။
ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ တဖွဲ့တည်း ထားရှိမယ်လို့ ဦးအောင်မင်းပြော
၂၉ရက် ဧပြီလ ၂၀၁၂ခုနှစ်
ပြည်ထောင်စု
ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့ကို တဖွဲ့တည်း ထားရှိဖို့
စီစဉ်နေတယ်လို့
ဒီကနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့
သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ရထားပို့ဆောင်ရေး
ဝန်ကြီး ဦးအောင်မင်းက
သတင်းထောက်တွေကို ပြောဆိုပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ပြန်လည်ဖွဲ့စည်း
၂၉ရက် ဧပြီလ ၂၀၁၂ခုနှစ်
မြန်မာနိုင်ငံတွင်း
လက်နက်ကိုင်တိုင်းရင်းသားသူပုန်တွေနဲ့ အပစ်အခတ်ရပ်စဲရေး
ဆောင်ရွက်ဖို့ ပြည်ထောင်စုအဆင့်
ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တွေကို တစုတည်း
တဖွဲ့တည်းအနေနဲ့ လုပ်ဆောင်သွားတော့မယ်လို့ မြန်မာအာဏာပိုင်တွေက
ပြောပါတယ်။
မြစ်ကြီးနား - မန္တလေးရထား မိုင်းဗုံးထိ
၂၉ရက် ဧပြီလ ၂၀၁၂ခုနှစ်
မန္တလေးမြို့ကထွက်လာတဲ့
အမှတ် ၃၃ အဆန် အိပ်စင်ရထားဟာ ဒီကနေ့မနက်
အစောပိုင်းမှာ ကချင်ပြည်နယ် နန်းစီးအောင်နဲ့ မော်ဟန်အကြား
မိုင်းဗုံးထိတာကြောင့်
ရထားတွဲ ၈ တွဲတိမ်းချော်သွားပြီး
အနည်းဆုံး လူ ၂ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
လောလောဆည်မှာတော့ မီးရထားဌာနက လမ်းကြောင်း
ရှင်းလင်းရေးကို ဆောင်ရွက်နေပြီး
ဒီကနေ့ ထွက်မယ့်
မြစ်ကြီးနား - မန္တလေး အစုန်အဆန် ရထားတွေအားလုံး ရပ်နားထားရပါတယ်။
အပြည့်အစုံကို
ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြမှာဖြစ်ပါတယ်။
အာဆီယံနိုင်ငံတွေအတွက် ဆိုက်ရောက်ဗီဇာ ထုတ်ပေးတော့မည်
၂၉ရက် ဧပြီလ ၂၀၁၂ခုနှစ်
အာဆီယံ
အဖွဲ့ဝင်နိုင်ငံတွေက ခရီးသွားတွေနဲ့ လုပ်ငန်းရှင်တွေအတွက် လာမယ့်
ဇွန်လကစပြီး ဆိုက်ရောက် ဗီဇာတွေ ထုတ်ပေးတော့မယ်လို့ လူဝင်မှု
ကြီးကြပ်ရေး
ဝန်ကြီး ဦးခင်ရီက ပြောပါတယ်။
Subscribe to:
Comments (Atom)