Pages

Saturday, November 12, 2011

လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဖို့ သမ္မတဦးသိန်းစိန် တာဝန်ယူ ဆောင်ရွက်သင့်


၁၂ နိုဝင်ဘာလ ၂၀၁၁
NCUB
ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ(NCUB)မှထုတ်ပြန်လိုက်သည့် ကြေငြာချက်တွင်ပါရှိသည့် 
လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းတွေနှင့် (NLD) တွေ့ဆုံရေးတောင်းဆိုချက်ကို  (NLD) ဒု-ဥက္ကဌ 
ဦးတင်ဦးက  လက်နက် ကိုင်တိုင်းရင်းသားအဖွဲ့အစည်းတွေ နှင့် တွေ့ဆုံချင်သော်လည်း အခက်အခဲများကြောင့် 
လောလောဆယ် မှာ လုပ်ကိုင်ပေးနိုင်မယ့် အခြေအနေမရှိဘူးလို့ မဇ္ဇိုမသတင်းဌာနရဲ့ မေးမြန်းချက်ကို 
ပြောဆိုလိုက်တဲ့အပေါ်မှာ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (NDF) ဒု-ဥက္ကဌ ခိုင်စိုးနိုင်အောင်က 
လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတွေ နဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဖို့ 
သမ္မတဦးသိန်းစိန်အနေနဲ့ တာဝန်ယူဆောင်ရွက်ပေးသင့်တယ်လို့ ပြောဆိုလိုက်ပါ တယ်။
"အောက်တိုဘာလ (၃၀) ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်အစိုးရ၀န်ကြီး 
ဦးအောင်ကြည်တို့ တွေ့ဆုံ ရာမှာ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများနဲ့ 
ထာဝရငြိမ်းချမ်းရေးရရှိရန် နိုင်ငံတော်က ဆောင်ရွက် ပေးနေမှု များနှင့် 
တိုးတက်ဖြစ်ထွန်းမှု အခြေအနေများအား ဆွေးနွေးခဲ့ကြသည်ဟု ထုတ်ပြန်ထားပါသည်။" 
အဲဒီအချက်ပေါ်မှာ ရည်ညွန်းပြီး ဦးသိန်းစိန်အစိုးရအနေဖြင့် အမှန်တကယ် ထာဝရ ငြိမ်းချမ်းရေးရရှိဖို့ 
လိုလားရင် ဒေါ်အောင်ဆန်း စုကြည်မှ လက်နက်ကိုင်တိုင်းရင်းသားများနဲ့ ငြိမ်းချမ်းရေးရယူဖို့ 
ဆက်စပ်ဆွေးနွေး ဆောင်ရွက်ပေးမယ့် ကိစ္စမှာ ဆွေးနွေးရေးကိစ္စဖြစ်မြောက်လာအောင် စီစဉ်ပေးသင့်ကြောင်း ၊
အတားအဆီးများ မပြုလုပ်သင့်ကြောင်း (NDF) ဒု-ဥက္ကဌ ခိုင်စိုးနိုင်အောင်က ထောက်ပြပြောဆိုပါတယ်။
“တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေအားလုံးက အန်အယ်လ်ဒီမှာ တကယ် figure ရှိတဲ့ 
ဒေါ်အောင်ဆန်း စုကြည်ကို အသိအမှတ်ပြုကြတယ်လို့ သိရတယ်။ ဒေါ်အောင်ဆန်းစုကြည် ညှိနှိုင်းပေးတာကို 
လက်ခံတဲ့ တိုင်းရင်း သားတွေရဲ့ သဘောထားကို ထုတ်လိုက်မယ်ဆိုရင် အောင်မြင်ဖို့ အလားအလာများမယ်။ 
ဘာပဲပြောပြော ဒေါ်အောင်ဆန်းစုကြည်က ညှိနှိုင်းဆောင်ရွက်ပေးမယ်ဆိုရင်တော့ ဒီနေ့ဖြစ်နေတဲ့ 
တိုင်းရင်းသားပြဿနာ၊ ဒီမိုကရေစီ ပြဿနာကို တစုံတရာ ဖြေရှင်းနိုင်မယ်လို့ ယူဆပါတယ်”
ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ 
လက်နက်ကိုင်တိုင်းရင်းသား ခေါင်းဆောင်တွေကို အိတ်ဖွင့်ပေးစာ ပေးထားတာရှိပါတယ်။ 
အဲဒီ အိတ်ဖွင့်ပေးစာရေးထားတဲ့အပေါ်မှာ တိုင်းရင်းသား တွေဘက်က 
ကြိုဆိုထောက်ခံတာကိုကြည့်ရင် ထာဝရငြိမ်းချမ်းရေးရရှိဖို့အတွက် ဒေါ်အောင်ဆန်းစုကြည် 
ဦးဆောင်မှုကို တိုင်းရင်းသားတွေဘက်ခြမ်းက လိုလားတယ်၊ တွေ့ဆုံဖို့ကိုလည်း အဆင့်သင့်ဖြစ်ပါတယ်လို့ 
မှတ်ယူကြောင်း ခိုင်စိုးနိုင်အောင်က ဆိုပါတယ်။
ဆက်ပြီးတော့ သူက "လက်ရှိဦးသိန်းစိန်အစိုးရကို ပြည်တွင်းပြည်ပက နောက်ကွယ်မှာ ဦးသန်းရွှေ 
ဦးဆောင်တဲ့ စစ်ကောင်စီရှိတယ်လို့ ဝေဖန်သုံးသပ်တာကို တွေ့ရှိရတယ်။ အဲဒါကြောင့် ဒီလိုရှိပေမယ့်လို့ 
သမ္မတဦးသိန်းစိန်ဟာ မြစ်ဆုံကိစ္စမှာ ပြည်သူ့အသံကို အလေးထားခြင်းအားဖြင့် သူ့သက်တမ်းမှာ 
ယာယီရပ်ဆိုင်းလိုက်ဖို့ ကြေညာတာဟာ အရပ်သားအစိုးရကို တစုံတရာပီပြင်စေတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့
မြင်တယ်။ အဲဒါကြောင့် စစ်မှန်သော ဒီမိုကရေ စီပြုပြင်ရေးနှင့် စစ်မှန်သော အမျိုးသားပြန်လည်
သင့်မြတ်ရေးကို အကောင်အထည်ဖော်တဲ့နေရာမှာ မြစ်ဆုံကိစ္စလို ရဲရဲ ၀ံ့ဝံ့ ကြိုးပမ်းဆောင်ရွက်
သင့်တယ်လို့ အကြံပြုတိုက်တွန်းလိုက်ပါတယ်။ "
တခါ ဒေါ်အောင်ဆန်းစုကြည်နဲ့ (NLD) ခေါင်းဆောင်တွေ လက်နက်ကိုင် တိုင်းရင်းသားနယ်မြေတွေကို သွားရောက် 
ရာမှာ ဦးသိန်းစိန် အစိုးရအနေနဲ့ လုံခြုံရေးကိုတာဝန်ယူပေးတာ၊ ဘေးအန္တာရယ်ကင်းရှင်းရေးအတွက် 
ပူးပေါင်း ဆောင်ရွက်ပေးတာတွေကိုလည်း ပြုလုပ်ပေးသင့်တဲ့အကြောင်း၊ လက်နက်ကိုင်တိုင်းရင်းသားနယ်မြေတွေ
ကိုလည်း အညိုရောင်၊ အမဲရောင်နယ်မြေတွေအဖြစ် သတ်မှတ်မှုတွေ မလုပ်သင့်တော့ကြောင်း ခိုင်စိုးနိုင်အောင်က 
ထောက်ပြ ပြောဆိုပါတယ်။

အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု (NDF) ကို ၁၉၇၆ ခုနှစ် မေလ ၁ဝ ရက်နေ့တွင် တိုင်းရင်းသားများ၏ တန်းတူညီတူ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် ရည်ရွယ်၍ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ပေါင်း ၁၃ ဖွဲ့ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး နောက်ပိုင်း၌ စစ်အစိုးရနှင့် အပစ်ရပ်သွားသည့် အဖွဲ့များရှိလာသဖြင့် ၈ ဖွဲ့သာ ကျန်ရှိတော့သည်။ အဲဒီကျန်ရှိနေတဲ့ (၈) ဖွဲ့ကတော့ ကရင်အမျိုးသား အစည်းအရုံး-KNU၊ ချင်းအမျိုးသားတပ်ဦး-CNF၊ မွန်ပြည်သစ်ပါတီ-NMSP၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့-PKLO၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး-PSLF၊ ဝအမျိုးသား အဖွဲ့ချုပ်-WNO၊ လားဟူဒီမိုကရက်တစ်သမဂ္ဂ-LDU၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ-ALP တို့ပဲဖြစ်ပါတယ်။

No comments:

Post a Comment