Wednesday, November 16, 2011
Tuesday, November 15, 2011
တရားရေးမဏ္ဍိုင် သန့်ရှင်းမှု မရှိဟု ဒေါ်အောင်ဆန်းစုကြည်ပြော
မျိုးသိဏ်း | တနင်္လာနေ့၊ နိုဝင်ဘာလ ၁၄ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၁၃ မိနစ်
နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်မှု တနှစ်တာကာလအတွင်း ဖြစ်စဉ်များအပေါ် ရှင်းလင်းသည့် သတင်းစာ ရှင်းလင်းပွဲ၌ တရားစီရင်ရေး မဏ္ဍိုင် လွတ်လပ်သန့်ရှင်းမှု ရှိ၊ မရှိ သတင်းထောက်တဦးက မေးမြန်းခဲ့ရာ နိုင်ငံရေး အကျဉ်းသားများ ရှိနေခြင်းကြောင့် သန့်ရှင်းသည့် တရားရေးမဏ္ဍိုင် မရှိဟု ဆိုရမည်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။
အပြည့်အစုံသို့ >>>>>>>>>
Suu Kyi says Burma’s judicial system is not fair; prevents development
Monday, 14 November 2011 21:35 Myo Thein
Rangoon (Mizzima) – Burma’s judicial system is not independent and it is distorted and unfair, National League for Democracy (NLD) General-Secretary Aung San Suu Kyi told a press conference at NLD headquarters in Rangoon on Monday.
National League for Democracy (NLD) General-Secretary Aung San Suu Kyi answers questions from local and foreign journalists at a press conference at NLD headquarters in Rangoon on Monday, November 14, 2011.
More >>>>>>>>
Saturday, November 12, 2011
လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဖို့ သမ္မတဦးသိန်းစိန် တာဝန်ယူ ဆောင်ရွက်သင့်
၁၂ နိုဝင်ဘာလ ၂၀၁၁
NCUB
ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ(NCUB)မှထုတ်ပြန်လိုက်သည့် ကြေငြာချက်တွင်ပါရှိသည့်
လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းတွေနှင့် (NLD) တွေ့ဆုံရေးတောင်းဆိုချက်ကို (NLD) ဒု-ဥက္ကဌ
ဦးတင်ဦးက လက်နက် ကိုင်တိုင်းရင်းသားအဖွဲ့အစည်းတွေ နှင့် တွေ့ဆုံချင်သော်လည်း အခက်အခဲများကြောင့်
လောလောဆယ် မှာ လုပ်ကိုင်ပေးနိုင်မယ့် အခြေအနေမရှိဘူးလို့ မဇ္ဇိုမသတင်းဌာနရဲ့ မေးမြန်းချက်ကို
ပြောဆိုလိုက်တဲ့အပေါ်မှာ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (NDF) ဒု-ဥက္ကဌ ခိုင်စိုးနိုင်အောင်က
လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတွေ နဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဖို့
သမ္မတဦးသိန်းစိန်အနေနဲ့ တာဝန်ယူဆောင်ရွက်ပေးသင့်တယ်လို့ ပြောဆိုလိုက်ပါ တယ်။

"အောက်တိုဘာလ (၃၀) ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်အစိုးရ၀န်ကြီး
ဦးအောင်ကြည်တို့ တွေ့ဆုံ ရာမှာ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများနဲ့
ထာဝရငြိမ်းချမ်းရေးရရှိရန် နိုင်ငံတော်က ဆောင်ရွက် ပေးနေမှု များနှင့်
တိုးတက်ဖြစ်ထွန်းမှု အခြေအနေများအား ဆွေးနွေးခဲ့ကြသည်ဟု ထုတ်ပြန်ထားပါသည်။"
အဲဒီအချက်ပေါ်မှာ ရည်ညွန်းပြီး ဦးသိန်းစိန်အစိုးရအနေဖြင့် အမှန်တကယ် ထာဝရ ငြိမ်းချမ်းရေးရရှိဖို့
လိုလားရင် ဒေါ်အောင်ဆန်း စုကြည်မှ လက်နက်ကိုင်တိုင်းရင်းသားများနဲ့ ငြိမ်းချမ်းရေးရယူဖို့
ဆက်စပ်ဆွေးနွေး ဆောင်ရွက်ပေးမယ့် ကိစ္စမှာ ဆွေးနွေးရေးကိစ္စဖြစ်မြောက်လာအောင် စီစဉ်ပေးသင့်ကြောင်း ၊
အတားအဆီးများ မပြုလုပ်သင့်ကြောင်း (NDF) ဒု-ဥက္ကဌ ခိုင်စိုးနိုင်အောင်က ထောက်ပြပြောဆိုပါတယ်။

“တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေအားလုံးက အန်အယ်လ်ဒီမှာ တကယ် figure ရှိတဲ့
ဒေါ်အောင်ဆန်း စုကြည်ကို အသိအမှတ်ပြုကြတယ်လို့ သိရတယ်။ ဒေါ်အောင်ဆန်းစုကြည် ညှိနှိုင်းပေးတာကို
လက်ခံတဲ့ တိုင်းရင်း သားတွေရဲ့ သဘောထားကို ထုတ်လိုက်မယ်ဆိုရင် အောင်မြင်ဖို့ အလားအလာများမယ်။
ဘာပဲပြောပြော ဒေါ်အောင်ဆန်းစုကြည်က ညှိနှိုင်းဆောင်ရွက်ပေးမယ်ဆိုရင်တော့ ဒီနေ့ဖြစ်နေတဲ့
တိုင်းရင်းသားပြဿနာ၊ ဒီမိုကရေစီ ပြဿနာကို တစုံတရာ ဖြေရှင်းနိုင်မယ်လို့ ယူဆပါတယ်”

ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့
လက်နက်ကိုင်တိုင်းရင်းသား ခေါင်းဆောင်တွေကို အိတ်ဖွင့်ပေးစာ ပေးထားတာရှိပါတယ်။
အဲဒီ အိတ်ဖွင့်ပေးစာရေးထားတဲ့အပေါ်မှာ တိုင်းရင်းသား တွေဘက်က
ကြိုဆိုထောက်ခံတာကိုကြည့်ရင် ထာဝရငြိမ်းချမ်းရေးရရှိဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်
ဦးဆောင်မှုကို တိုင်းရင်းသားတွေဘက်ခြမ်းက လိုလားတယ်၊ တွေ့ဆုံဖို့ကိုလည်း အဆင့်သင့်ဖြစ်ပါတယ်လို့
မှတ်ယူကြောင်း ခိုင်စိုးနိုင်အောင်က ဆိုပါတယ်။

ဆက်ပြီးတော့ သူက "လက်ရှိဦးသိန်းစိန်အစိုးရကို ပြည်တွင်းပြည်ပက နောက်ကွယ်မှာ ဦးသန်းရွှေ
ဦးဆောင်တဲ့ စစ်ကောင်စီရှိတယ်လို့ ဝေဖန်သုံးသပ်တာကို တွေ့ရှိရတယ်။ အဲဒါကြောင့် ဒီလိုရှိပေမယ့်လို့
သမ္မတဦးသိန်းစိန်ဟာ မြစ်ဆုံကိစ္စမှာ ပြည်သူ့အသံကို အလေးထားခြင်းအားဖြင့် သူ့သက်တမ်းမှာ
ယာယီရပ်ဆိုင်းလိုက်ဖို့ ကြေညာတာဟာ အရပ်သားအစိုးရကို တစုံတရာပီပြင်စေတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့
မြင်တယ်။ အဲဒါကြောင့် စစ်မှန်သော ဒီမိုကရေ စီပြုပြင်ရေးနှင့် စစ်မှန်သော အမျိုးသားပြန်လည်
သင့်မြတ်ရေးကို အကောင်အထည်ဖော်တဲ့နေရာမှာ မြစ်ဆုံကိစ္စလို ရဲရဲ ၀ံ့ဝံ့ ကြိုးပမ်းဆောင်ရွက်
သင့်တယ်လို့ အကြံပြုတိုက်တွန်းလိုက်ပါတယ်။ "

တခါ ဒေါ်အောင်ဆန်းစုကြည်နဲ့ (NLD) ခေါင်းဆောင်တွေ လက်နက်ကိုင် တိုင်းရင်းသားနယ်မြေတွေကို သွားရောက်
ရာမှာ ဦးသိန်းစိန် အစိုးရအနေနဲ့ လုံခြုံရေးကိုတာဝန်ယူပေးတာ၊ ဘေးအန္တာရယ်ကင်းရှင်းရေးအတွက်
ပူးပေါင်း ဆောင်ရွက်ပေးတာတွေကိုလည်း ပြုလုပ်ပေးသင့်တဲ့အကြောင်း၊ လက်နက်ကိုင်တိုင်းရင်းသားနယ်မြေတွေ
ကိုလည်း အညိုရောင်၊ အမဲရောင်နယ်မြေတွေအဖြစ် သတ်မှတ်မှုတွေ မလုပ်သင့်တော့ကြောင်း ခိုင်စိုးနိုင်အောင်က
ထောက်ပြ ပြောဆိုပါတယ်။

အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု (NDF) ကို ၁၉၇၆ ခုနှစ် မေလ ၁ဝ ရက်နေ့တွင် တိုင်းရင်းသားများ၏ တန်းတူညီတူ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် ရည်ရွယ်၍ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ပေါင်း ၁၃ ဖွဲ့ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး နောက်ပိုင်း၌ စစ်အစိုးရနှင့် အပစ်ရပ်သွားသည့် အဖွဲ့များရှိလာသဖြင့် ၈ ဖွဲ့သာ ကျန်ရှိတော့သည်။ အဲဒီကျန်ရှိနေတဲ့ (၈) ဖွဲ့ကတော့ ကရင်အမျိုးသား အစည်းအရုံး-KNU၊ ချင်းအမျိုးသားတပ်ဦး-CNF၊ မွန်ပြည်သစ်ပါတီ-NMSP၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့-PKLO၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး-PSLF၊ ဝ’အမျိုးသား အဖွဲ့ချုပ်-WNO၊ လားဟူဒီမိုကရက်တစ်သမဂ္ဂ-LDU၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ-ALP တို့ပဲဖြစ်ပါတယ်။
Friday, November 11, 2011
လက်နက်ကိုင်များနှင့် တွေ့ဆုံရန် NLD ဆန္ဒရှိသော်လည်း အခက်တွေ့
ကိုပေါက် | ကြာသပတေးနေ့၊ နိုဝင်ဘာလ ၁၀ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၃၁ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ အစိုးရနှင့် လက်နက်ကိုင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့် တိုင်းရင်းသား အင်အားစုများနှင့် တွေ့ဆုံရန် ဆန္ဒရှိသော်လည်း အခက်အခဲများ ရှိနေသေးကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ထုတ်ဖော် ပြောကြားလိုက်သည်။
“(တွေ့ဆုံဖို့ဆန္ဒ) သိပ်ရှိတာပေါ့ဗျာ။ တွေ့ဆုံချင်လို့ ဒုတိယ ပင်လုံညီလာခံ ပြောပြီးတဲ့ နောက်ပိုင်းမှာ ပြည်ထောင်စု စိတ်ဓါတ် ညီလာခံ ဆိုတာတွေလည်း လုပ်ကိုင်နေ၊ သွားနေတာတွေ ရှိတယ်။ သို့သော်လည်း NLD ကိုယ်စားလှယ်
တွေက သွားပြီး ကြားထဲမှာ စေ့စပ်တာ၊ ညှိနှိုင်းတာ လုပ်ကိုင်ပေးနိုင်မယ့် အနေအထားကတော့ ခုချိန်မှာ မရှိသေး ဘူးဗျ” ဟု NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက မဇ္ဈိမကို ပြောသည်။
ဗုဒ္ဓဟူးနေ့က ထုတ်ပြန်လိုက်သည့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ NCUB ၏ ကြေညာချက်ပါ
ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အား တိုင်းရင်းသားခေါင်းဆောင် အားလုံးနှင့် တွေ့ဆုံ ဆွေးနွေးရန် အကြံပြုချက်အား တုန့်ပြန်လိုက်ခြင်း ဖြစ်သည်။
တပြည်လုံး အတိုင်းအတာဖြင့် အပစ်ရပ်ရန် တောင်းဆိုလိုက်သည့် အဆိုပါ ကြေညာချက်တွင် တိုင်းရင်းသား အားလုံးနှင့် စေ့စပ်ညှိနှိုင်းနိုင်ရန် NLD ၏ စွမ်းဆောင်နိုင်ရည်အား အသိအမှတ်ပြုရန်နှင့် ကြိုးပမ်းမှုအား ပံ့ပိုးပေးရန် ဦးသိန်းစိန် အစိုးရ အား NCUB က တိုက်တွန်းထားသည်။
မြေပေါ် တိုင်းရင်းသား အင်အားစုများနှင့် တွေ့ဆုံဆွေးနွေးနိုင်မှုများ ရှိခဲ့သော်လည်း လက်နက်ကိုင် အင်အားစုများ
နှင့် တွေ့ဆုံနိုင်ရန်မှာ အာဏာပိုင်များနှင့် ကြိုတင် ညှိနှိုင်းရန် လိုကြောင်း “အခြေအနေ ပေးသလောက်ပဲ လုပ်နိုင် စွမ်းရှိမယ်။ သွားမယ် ဆိုရင် အာဏာပိုင် အဖွဲ့အစည်းတွေက သူတို့နဲ့ ပတ်သက်တာ ပြေပြေလည်လည် လုပ်ရမယ့် ကိစ္စ အများကြီးရှိတာပေါ့။ တခါတုန်းက ကျနော်တို့ဆီက CRPP က ဦးအေးသာအောင်တို့ တိုင်းရင်းသား
ခေါင်းဆောင်တွေ ကချင်ပြည်နယ်ဘက် သွားတဲ့အခါ ဖိတ်လို့သွားတာပဲလေ။ ဟိုရောက်တော့ အာဏာပိုင်တွေက ဖမ်းပြီး ထောင်ထဲ ထည့်ပစ်လိုက်တာလည်း ရှိတာကိုးဗျ” ဟု ဦးတင်ဦးက ပြောသည်။
ဇူလိုင်လ ၂၈ ရက်စွဲပါ ‘အိတ်ဖွင့်ပေးစာ’ တွင် ဒေါ်အောင်ဆန်းစုကြည်က “အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ပံ့ပိုးရန်အတွက် ကျွန်မအနေနှင့် ကိုယ်စွမ်းရှိသမျှ ပါဝင်ကြိုးပမ်းပေးရန် အသင့်ရှိပါသည်” ဟု သမ္မတ ဦးသိန်းစိန်နှင့် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များအား ကမ်းလှမ်းထားသည်။
NLD အနေဖြင့် ပါတီရပ်တည်ရေး ကိစ္စရပ်များ အတွက် ဗဟိုဦးစီးအဖွဲ့ဝင်များ ဆွေးနွေးရန် ရှိနေပြီး ဆုံးဖြတ်ပြီး
နောက်တွင် ပါတီ၏လုပ်နိုင်ရည် ပိုရှိလာမည်ဟုလည်း ဦးတင်ဦးက “ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကတော့ တိုင်းရင်းသားအရေးကို အဓိက ဦးစားပေးထားတာ ဒီနေ့အထိ တစက်မှ မလျော့ပါဘူး ခင်ဗျ။ အခု ဦးသိန်းစိန်နဲ့
ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးတဲ့ ကိစ္စရပ် အပေါ်မှာ ဆက်လက်ပြီး ဆောင်ရွက်သွားနိုင်မယ်လို့
ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်ထားတယ်။
အခု ပါတီကိစ္စနဲ့ ပါတ်သက်လို့ မှတ်ပုံတင်တဲ့ ကိစ္စတို့၊ ရွေးကောက်ပွဲ ဝင်မယ်/ မဝင်ဘူးဆိုတဲ့ ကိစ္စတို့ကလည်း
အခု လောလောဆယ်မှာ ဗဟိုဦးစီး အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးရမှာဖြစ်ပြီးတော့ အဲဒီအခါမှာ လုပ်နိုင်ကိုင်နိုင်မှုဟာ ပိုမိုထိရောက်မှု ရှိနိုင်မယ်” ဟု ပြောသည်။
NLD က ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် UNA နှင့် တွေ့ဆုံဆွေးနွေးရန် ဆုံးဖြတ်ချက်အပြင် ပါတီတွင်း ကျယ်ပြန့်သော ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်ရန်အစီအစဉ်အား NCUB က ကြိုဆိုလိုက်သည်။
NCUB ကို တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများဖြင့် ဖွဲ့စည်းထားသည့် NDF ၊ ဒီမိုကရေစီအင်အားစုများ
လည်း ပါဝင်သည့် DAB ၊ ၁၉၉၀ လွှတ်တော်ကိုယ်စားလှယ်များ သမဂ္ဂ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက် နယ်မြေ)တို့ ပူးပေါင်း ဖွဲ့စည်းထားခြင်း ဖြစ်သည်။
Subscribe to:
Comments (Atom)